Layout Padding and Margin

 

padding နဲ့ margin ကို တစ်ခါလေ စာရေးသူကိုယ်တိုင် ဖြစ်သလို ထားလိုက်တတ်တယ် ဒါပေမယ့် UI&UX ကောင်းကောင်း app တစ်ခုဖြစ်ဖို့ဆိုရင် အသေးစိတ်အပိုင်းလေးတွေက စပီးသေသေသပ်သပ် လုပ်ရပါတယ် ။ 🤗 

Padding property က သုံးလိုက်တဲ့ widget ရဲ့ အတွင်းဘက်ကို နေရာ ယူပါတယ် border ရဲ့အတွင်းဘက်ပေါ့ 

Margin ကတော့ widget ရဲ့ အပြင်ဘက်အပိုင်း နေရာကိုကိုယ်စားပြုတယ် border ရဲ့ အပြင်ဘက် ပိုင်းပေါ့ 

စာနဲ့ရှင်းပြရင်နည်းနည်းရှုပ်နေလိမ့်မယ် ပုံလေးတွေကြည့်လိုက်ရင်ရှင်းသွားမှာပါ။

Padding

sketchware မှာ padding တန်ဖိုးကို 8dp ကို default အနေနဲ့ထား ထားတာတွေ့ရမှာပါ။

padding တန်ဖိုးကို top, left, bottom, right ဆိုတဲ့ directions တစ်ခုစီမှာ အသုံးပြုနိုင်ပါတယ်။ နမူနာပုံကြည့်လိုက်ရင်နားလည်လောက်ပါတယ် ပုံထဲက padding တန်ဖိုးကို textview မှာသုံးထားတာမဟုတ်ဘူးနော် သူ့ရဲ့အောက်က linear layout မှာ သုံးပြထားတာပါ။



Margin

Margin ကိုသုံးတဲ့အခါ သာမန်အားဖြင့် padding နဲ့သိပ်မထူးခြားနားပုံ ပေါက်တတ်တယ် ဥပမာ - 

နှစ်ခုလုံးရဲ့ပုံစံဟာ သိပ်မကွဲပြားပဲ အတူတူဖြစ်နေပုံရတယ် ကွဲကွဲပြားပြား သိရအောင် text view ကို background color လေးထည့်ကြည့်လိုက်မယ်

ဒီလောက်ဆိုရင်တော့ padding နှင့် margin ကို ကွဲကွဲပြားပြားနားလည်လောက်ပြီထင်တယ်။ sketchware မှာ ဘယ်လို အသုံးပြုလဲဆိုတာ အောက်မှာ ဆက်ကြည့်ပါ။


ပုံအချို့ကို medium ရှိ sketchware official page မှကူးယူဖော်ပြထားသည်။

Comments

Labels

Contact Form

Send

pCloud Premium