Layout weight

 Ui အတွက် layout တွေ ချတဲ့နေရာမှာ screen size မတူတဲ့ device တွေမှာ အချိုးအစားကျကျ ရှိနေဖို့အတွက် weight ဆိုတဲ့ property ကိုသုံးနိုင်တယ်။

Layout A နှင့် Layout B ဆိုပြီး background color လေးတွေထည့်ပြီးရှင်းပြမယ်။

ပုံတွင် layout A မှာ weight တန်ဖိုး 1 ရှိပြီး layout B မှာလဲ 1 ပဲရှိပါတယ်။weight ရဲ့တန်ဖိုးက ဘယ်လောက် နေရာ ယူမယ် ဆိုတာကို ဆုံးဖြတ်တယ်။layout နှစ်ခုရဲ့ စုစုပေါင်းတန်းဖိုးက 2 ဖြစ်တယ်။Layout A ရဲ့တန်ဖိုးက 1 ဖြစ်တဲ့အတွက် parent layout ရဲ့  1/2 နှစ်ပုံပုံ ရင်တစ်ပုံနေရာ ယူမယ်ပေါ့။Layout B လည်း တူတူပဲ weight 1 ရှိတဲ့အတွက် 1/2 နေရာယူမယ်။

နောက်တစ်မျိုးစမ်းကြည့်မယ် layout A ကို weight တန်ဖိုး 1 ထားပြီး layout B ကိုတော့ 2 ထားကြည့်မယ်။

Layout နှစ်ခု ပေါင်း weight ဟာ 3 ရှိပြီး layout A ဟာ parent layout ရဲ့ သုံးပုံပုံ ရင် တစ်ပုံ နေရာယူမာပေါ့။ Layout B က weight တန်ဖိုး 2 ရှိတော့ သုံးပုံပုံရင် နှစ်ပုံ နေရာယူ သွားလိမ့်မယ်။ မြင်သာအောင် Layout နှစ်ခုနဲ့ ရှင်းပြထားတာ layout နှစ်ခုမက သုံးနိုင်ပါတယ်။

တကယ်လို့ widget တွေထဲက တစ်ခုထဲကိုပဲ weight တန်ဖိုး ထားလိုက်ရင်ဘာဖြစ်မလဲ ဆိုတော့ သုံးလိုက်တဲ့ widget ဟာ parent layout ရဲ့ နေရာ ရရင် ရသလောက် နေရာယူမှာဖြစ်ပြီး ကျန်တဲ့ widget တွေကတော့ အထဲက content ရှိသလောက်ပဲနေရာယူမှာပါ။ဒီနည်းနဲ့ header တွေ footer တွေလွယ်လွယ်ကူကူလုပ်ယူနိုင်တယ်။

အောက်က နမူနာပုံ ထဲက layout A ရဲ့ weight တန်ဖိုးက 1 ဖြစ်ပြီး layout B နှင့် layout C ကတော့ weight 0 ပါ။


sketchware တွင် weight တန်ဖိုးသတ်မှတ်နည်းကို အောက်တွင်ကြည့်ပါ




Comments

Emotions
Copy and paste emojis inside comment box

Labels

Contact Form

Send

pCloud Premium
Menu